ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများထံသိုလက်နက် ခဲယမ်းများပိုဆောင်မည့်တရားခံများအားဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၇

ယမန်နေ့ ညပိုင်းက ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် လျက်ရှိသည့် KNPP အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများထံသို လက်နက်၊ ခဲယမ်းများ သယ်ယူပိုဆောင်ပေး နေသော ပင်လုံမြို၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် တရားခံ ခွန်သောင်းထွန်း အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို၊ ပန်မုန့်ကျေးရွာနေ ပေတူး (ခ) မာရီယာနို၏ နေအိမ် ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦ၌ တရားခံ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို ၅ ဦးတိုအား ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများထံသိုပိုဆောင်မည့် RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ်စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ်နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုးအစား (လိုင်စင်မဲ့) (၆) ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးနှင့် Vigo အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဘက်သို လက်နက်၊ ခဲယမ်းများ အဓိကပိုဆောင်ပေးနေသည့် ထွက်ပြေးတိမ်းရှောင် နေသူ တရားခံ ပေတူး (ခ)မာရီယာနိုအား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ အား ကယားပြည်နယ်ရှိ KNPP အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏စေခိုင်းမှုဖြင့် ပင်လုံမြိုနယ်၊ ကုန်းကျောင်း ကျေးရွာသို လာရောက်ပိုဆောင်သည့် SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးထံမှ (၄) ကြိမ်ခွဲ၍ သွားရောက်သယ် ယူခဲ့ပြီး နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦတွင် စုစည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်နက်၊ ခဲယမ်းများ အား Canter အမျိုးအစား ခြောက်ဘီးယာဉ်တိုဖြင့် ကယားပြည်နယ်ဘက်သို ဆက်လက်ပိုဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံ ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိကြောင်း သိရှိရပါသည်။

သိုဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် KNPP အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းသယ်ဆောင်ရောင်းဝယ်မှုများ၊ ၎င်းတို ပုန်းခိုရာနေရာများနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် သတင်းများရရှိပါက သက်ဆိုင်ရာသို လျှိဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှိဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက် ရှိကြောင်းနှင့် မြိုရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ် လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန် ထားကြောင်း သိရှိရပါသည်။

#PAN