ဆမွတ်ဆာခွန်ရှိ မုန့်နှင့်အဖျော်ယမကာစက်ရုံ ဂိုဒေါင်မီးလောင်၊ ၃ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ

(နိုင်ငံတကာ) စက်တင်ဘာ ၇

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ခရိုင်၊ ကရထုမ်ဘန်မြို့နယ်၊ အုမ်နွိုင်းရပ်ကွက်ရှိ Sukhaphiban 2 လမ်းကြားအတွင်းရွိ မျန္မာလုပ္သားမ်ားရွိသည့္ စက်ရုံတစ်ရုံ၌ ယနေ့ စက်တင်ဘာ ၇ ရက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု ပြင်းထန်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ၃ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ မုန့်နှင့် အဖျော်ယမကာများ ထုတ်လုပ်ဖြန့်ဖြူးသည့် Sri Nananporn Marketing Public Company Limited ကုမ္ပဏီအတွင်းရှိ ကုန်ပစ္စည်းသိုလှောင်ထားသည့် ဂိုဒေါင်အဆောက်အအုံတစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆမွတ်ဆာခွန်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုမှာ ပြင်းထန်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင မီးငြှိမ်းသတ်ခဲ့ကြသည်။

နောက်ဆုံးအခြေအနေအရ မီးကို သတ်မှတ်ဧရိယာအတွင်း ထိန်းချုပ်နိုင်ခဲ့ပြီး အနီးဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဧရိယာများသို့ မီးကူးစက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးပြန်လည်လောင်ကျွမ်းခြင်းမရှိစေရန့် မီးအပူကျန်ရှိနေသည့် နေရာများသို့ ဝင်ရောက်၍ ဆက်လက်ထိန်းချုပ်လျက်ရှိသည်။

ကနဦးသတင်းများအရ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူ မရှိကြောင်း သိရပြီး မီးလောင်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကို တာဝန်ရှိသူများက စုံစမ်းနေကြောင်း သိရသည်။