
(ပြည်တွင်း) စက်တင်ဘာ ၇
အပြစ်မဲ့ပြည်သူတွေကို အလိုလိုနေရင်း ဒလန်ဆိုတဲ့ ခေါင်းစီးတပ်ပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာတွေ၊ မြန်မာပြည်တွင်းမှာ အကြမ်းဖက်လုပ်မှန်သမျှကို မစဉ်းစားမဆင်ခြင်ဘဲ ပြုလုပ်နေခဲ့တာတွေဟာ ဒီကနေ့မှာ ၅ နှစ်တင်းတင်း ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းတည်ထောင်ခြင်း ၅ နှစ်အပြည့် အထိမ်းနှစ်ပြည့်သွားတဲ့အချိန်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ရွတ်ရွတ်ချွန်ချွန် လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်သမား နှစ်ထောင်ခန့်ကို အကြမ်းဖက်ပြည်ပြေးအစိုးရ NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့တွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေမှာ စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှုနဲ့ အမှုထမ်းဆောင်မှုတွေကို အလေးအမြတ်ထားပြီး အခုလို ပေးအပ်တာ ဖြစ်တယ်လို့ အကြမ်းဖက်ပြည်ပြေးအစိုးရက စက်တင်ဘာလ (၇) ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီ စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေဟာ မိမိတို့အစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုအဖြစ် သတ်မှတ်ထားတဲ့ ဘွဲ့ဆုတံဆိပ် ၅ ခုကို ပေးအပ်ဖို့ င့်ဖို့ အကြမ်းဖက်သမား ၁၇၉၂ ဦးကို ရွေးချယ်ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။
ဘွဲ ၅ ခုအနေနဲ့ (၁) ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution- HPR)၊ (၂) ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution-LPR)၊ (၃) ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service-PMNS)၊ (၄) ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service-PMLS)နဲ့ (၅) တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service – BRS) ဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့အတွက် (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆုအတွက် (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆုအတွက် (၈၁) ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ်အတွက် (၄၂) ဦး စုစုပေါင်း (၁၇၉၂) ဦးကို ရွေးချယ်ခဲ့တာလို့လည်း ပြည်ပြေးအစိုးရက ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားတွေ စိတ်အားထက်သန်စွာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့အတွက် မိမိတို့အစိုးရအနေဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်တဲ့ အစီအစဉ်တွေကို နှစ်အလိုက် ဆောင်ရွက်သွားဦးမှာ ဖြစ်တယ်လို့လည်း ပြည်ပြေးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။