ကသာမြို့ပေါ်ရပ်ကွက်များအတွင်းသို့ KIA/PDF လက်လုပ် စိန်ပြောင်းများဖြင့်ပစ်ခတ်မှုကြောင့်မြေးအဘွား ၂ ဦးသေဆုံး


နိုဝင်ဘာ ၁၆စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရပ်ကွက်များ အတွင်းသို့ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၂ နာရီ အချိန်က KIA/PDF အဖွဲ့များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် မြေးအဘွား ၂ ဦး သေဆုံးသွားကြောင်း သိရပါသည်။

ကသာမြို့ပေါ်ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်သမားများ လက်လုပ်စိန်ပြောင်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇေယျာချောင်ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဒေါ်ခင်စန်း ရီ ၆၆ နှစ်နှင့် ၎င်း၏မြေးဖြစ်သူ မမြတ်သီရိမွန် ၁၃ နှစ်တို့သည် စိန်ပြောင်း ဗုံးသီးစထိ မှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး၊ ယင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးပါ ပျက်စီးခဲ့ကြောင်း သိရသည်။အကြမ်းဖက်သမားများသည် ဒေသတွင်း မတည်မငြိမ် ဖြစ်စေရန် အများပြည်သူ၏ နေထိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

#PAN