ရွှေဘိုမြို့ကားကွင်းကို အကြမ်းဖက် PDF အဖွဲ့က ဗုံး ၂ လုံးဖြင့် လာရောက် ပစ်ပေါက်ဖောက်ခွဲမှုကြောင့် ခရီးသည် ၁ ဦးဗုံးစထိမှန်

ယမန်နေ့ည ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ကားကြီးကွင်းအတွင်းသို့ အကြမ်းဖက် PDF အဖွဲ့မှ ဗုံး ၂ လုံးကို ကားကွင်းအရှေ့ဖက်မှနေ၍ ပစ်ပေါက်ခွဲသွား‌ကြောင်း သိရှိရပါသည်။

အဆိုပါ ပစ်ပေါက်ခွဲမှုကြောင့် ရွှေကချင်ကား ၁ စီး၊ နေပြည်တော်ကြယ်တံခွန်ကား ၁ စီး ဗုံးစထိမှန် ခဲ့ကြောင်း၊ ကြယ်တံခွန်ကားယာဥ်မှ ခရီးသည် ၁ ဦးထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိပြီးခရီးသည်မှာ ၎င်း၏နေအိမ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း သိရပါသည်။

ရွှေဘိုကားကွင်းသည် ညပိုင်းအချိန်တွင် ကားကွင်းပိတ်ထား၍ ကားကွင်းအပြင်ဘက်မှ ဗုံးကို ပစ်ပေါက်သွားပြီး လက်နက်ငယ်သေနတ်လည်း ပစ်ဖောက်သွားကြောင်းသိရပါသည်။

ရွှေဘိုမြို့အတွင်း အခြေအနေသည် လုံခြုံရေးအခြေအနေ အားနည်းမှုရှိ၍ မြို့တွင်းသို့ အကြမ်းဖက် သမားများ ဝင်ရောက်၍ မကြာခဏ တိုက်ပွဲရှောင်ပြည်သူများကို အကြမ်းဖက်သားများက ဝင်ရောက် ပစ်သတ်နေသော သတင်းများဖြင့် နာမည်ကြီး နေသော မြို့ဖြစ်ကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews