ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ခြားလုပ်သား ၁၂,၉၀၀ ဦး ထပ်မံ ခေါ်ယူဖို့ပြင်နေ

နိုဝင်ဘာ ၆

       ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြားလုပ်သား ၁၂,၉၀၀ ဦး ထပ်မံခေါ်ယူရန်ပြင်ဆင်နေ သည်ဟု ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားအသိုင်းအဝိုင်းက ပြောပါသည်။

      ကိုရီးယား အလုပ်ရှင်များအနေနဲ့  နိုင်ငံခြား သား လုပ်သားများခေါ်ရန် လျှောက်လွှာများကို လာမည့် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ နီးစပ်ရာ အလုပ် သမားရုံးများတွင် လျှောက်ထားနိုင်သည်ဟု နိုဝင် ဘာလ ၆ ရက်နေ့က ကိုရီးယား အလုပ်သမား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

        နိုင်ငံခြားသား လုပ်သားများကို ခေါ်ကြမည့် လုပ်ငန်းများမှာ ကုန်ထုတ် ၅,၀၀၀ ဦး၊ရေလုပ်ငန်း ၄၀၀ ဦး၊ စိုက်ပျိုး/မွေးမြူရေး ၃,၀၀၀ ဦး၊ ငါးဖမ်း လုပ်ငန်း ၁,၀၀၀ဦး၊ ဆောက်လုပ်ရေး ၁,၀၀၀ ဦး၊ ပစ္စည်းပို့နဲ့ ဝန်ဆောင်မှု လုပ်ငန်း ၂,၅၀၀ ဦး စုစုပေါင်း ၁၂,၉၀၀ ဦးတို့ ဖြစ်သည်ဟု ဆိုပါ သည်။

        ကုန်ထုတ်နှင့် ရေလုပ်ငန်းများကို ဒီဇင်ဘာ လ ၁၄ ရက်မှ ၂၀ ရက်အထိ၊ကျန်လုပ်ငန်းများကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၆ ရက်အထိ လျှောက် လွှာရလဒ်များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု ကိုရီးယားအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟုလည်း သိရပါသည်။

      လက်ရှိ ကိုရီးယားအလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားသားလုပ်သားများ ခေါ်ယူပိုင်ခွင့်ရှိသည့် နိုင်ငံများမှ နိုင်ငံခြားသား လုပ်သားများကိုသာ ခေါ်ယူသွားမှာဖြစ်ပြီး အဆိုပါနိုင်ငံများထဲတွင် မြန်မာနိုင်ငံသားများပါဝင်သည်ဟု ကိုရီးယားရောက် မြန်မာအသိုင်း အဝိုင်းက ပြောပါသည်။