စစ်ကိုင်းတိုင်းဒေသကြီး တမူးနှင့် ကလေးမြို့နယ်အတွင်း မွန်းလွဲပိုင်း ရရှိသော နောက်ဆုံးရ တိုက်ပွဲသတင်းများ

■   ယနေ့ နံနက် ၈ နာရီအချိန်ခန့်မှစ၍ အကြမ်း ဖက် PDF /CDF ပူးပေါင်းအဖွဲ့များသည် တမူးမြို့နယ်၊ ခမ်းပတ်တပ်စခန်းကို တိုက်ခိုက်နေကြောင်း၊ တမူးမြို့နယ်၊ ဝိတုတ်တပ်စခန်းကို ဝန်း ရံထားဆဲနှင့် ဝိတုတ်ရွာကို အကြမ်းဖက်များကထိန်းချုပ်ထားကြောင်း သိရသည်။

■   တမူးမြို့နယ်၊ ခမ်းပါတ်လုံခြုံရေးစခန်းကို အကြမ်းဖက်များက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က စတင်ဝင်ရောက်တိုက်နေပြီဖြစ် ကြောင်း၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ခမ်းပါတ် အောက်စခန်းကို အကြမ်းဖက် PDF/CDF ပူးပေါင်းအဖွဲ့များက မီးစတင်ရှို့နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

■   ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်း ဖက် PDF များက နံနက် ၃ နာရီအချိန်ခန့်က လာရောက်တိုက်ခိုက်ရာ လုံခြုံရေးကင်းစခန်းနှင့် အပြန်အလှန် ပစ်ခတ်ပြီး နံနက် ၇ နာရီတွင် အကြမ်းဖက် PDF များပြန်လည် ဆုတ်ခွာသွားကြောင်း သိရပါသည်။

■   မော်လိုက်မြို့နယ်၊ တပ်ကုန်းရွာတွင် PDF အကြမ်း ဖက်အင်အား ၇၀၀ ခန့်နှင့် မှော်ကူးရွာတွင် PDF အကြမ်းဖက်အင်အား ၄၀၀ ခန့် ​​ရောက်ရှိနေပြီး ကင်း တပ်၊တွန်းပင်ရွာနှင့် မော်လိုက်မြို့ပေါ်တို့အား တိုက် ခိုက်မည်ဟု  သတင်းများထွက်ပေါ်နေပါသည်။

#PAN