အနောက်အုပ်စုက ပိတ်ဆို့မှုများမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်နေဟု ပူတင်ပြော

နိုဝင်ဘာ ၃

      အနောက်အုပ်စုသည် ပိတ်ဆို့မှုများ ချမှတ်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် လုပ်ဆောင် နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က နိုဝင် ဘာလ ၁ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်း အဝေးတွင် ပြောခဲ့သည်။

        ပူတင်က ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားနိုင်ငံ၏ မိတ်ဖက်နိုင်ငံများကို များပြားလှသော ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း မိမိတို့ကို ထိခိုက်စေဖို့ ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုများက နောက်ဆုံးတွင် သူတို့၏ စီးပွားရေး၊အလုပ်အကိုင် များကိုသာ ထိခိုက်သွားစေတာကို ကိန်းဂဏန်းအချက် အလက်များအရ သိရသည်ဟု ပြောခဲ့သည်။

     သို့သော် အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အနောက်အုပ်စု၏ နောက်ထပ် ပိတ် ဆို့မှုများကို မျှော်မှန်းထားပြီး ပြည်ပနိုင်ငံများက လုပ်ဆောင်လာနိုင်သော အဖျက်အမှောင့် လုပ်ငန်းများကို မျက်စိဒေါက်ထောက်ကြည့်ထားရန် ရုရှားသမ္မတက တိုက်တွန်းထား သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာ လတွင် ရုရှားမှဂျာမနီသို့ သဘာဝဓာတ်ငွေ့ပို့လွှတ်နေသည့် ရေအောက်ပိုက်လိုင်းနှစ်လုံး ဗုံးခွဲခံရခြင်းကို ရည်ညွှန်းကာ ပူတင် က ယခုကဲ့သို့ပြောခြင်း ဖြစ် သည်။

       အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂျာမနီ၊ ဆွီဒင်နှင့် ဒိန်းမတ် တို့က စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်ခဲ့သော်လည်း မည်သည့်အဖြေမျှ ထွက်ပေါ်လာခြင်းမရှိဘဲ အဆုံးသတ်သွားသည်။

    အနောက်အုပ်စုက ရုရှား၏စွမ်းအင်ကဏ္ဍအပေါ် အဓိကပစ်မှတ်ထားကာ ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် ရုရှား၏စွမ်းအင်အပေါ် အလွန်အမင်း မှီခိုနေရသည့် ဥရောပနိုင်ငံများအနေဖြင့် ငွေကြေး ဖောင်းပွမှု၊ လူနေမှုစရိတ် မြင့်မားမှုအစရှိသည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN