နိုဝင်ဘာ ၁
■ သိန္နီမြို့အတွင်းရှိ မီးသတ်စခန်းကို အကြမ်း ဖက်များက ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်အချိန်တွင် မီးရှို့ဖျက်ဆီးနေကြောင်း၊ မီးသတ်ဝန်ထမ်းများရှောင် တိမ်းနေကြရကြောင်း သိရပါ သည်။
■ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့အကြားရှိ မန်ပိန်း ပလောင်ရွာတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါသည်။
■ ကွမ်းလုံမြို့၊ကျောက်တိုင်နှင့် ရုံးကုန်းအား အခြေပြု ၍ ကွမ်းလုံအခြေချဗျူဟာအတွင်းအား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် Drone ဖြင့် တိုက်ခိုက်လျက်ရှိသည်။
■ လောက်ကိုင်မြို့နယ်အတွင်းရှိ ပါစင်ကျော် စခန်းကုန်းကိုလည်း တချိန်တည်း Drone များ အသုံးပြု၍ တိုက်ခိုက်နေကြောင်း သိရပါသည်။
■ ပြင်ဦးလွင်မြို့နှင် နောင်ချိုမြို့အကြား ဘန့်ဘွေးရွာမှ စတင်ထွက်ခွာလာသော တပ်မတော် ယာဉ်တန်း(တင့်ကားများပါဝင်)သည် ယနေ့ ၂ နာရီခွဲအချိန်ခန့်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေဝင်ရွာသို့ရောက်ရှိနေပြီး အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနေပြီဖြစ်ကြောင်း သိရပါသည်။
■ နောင်ချိုမြို့နယ်၊ ခလရ ၁၁၄ အနီးရှိ၊ စက်ရုံကျေးရွာ၊ ကျောက်ကြောကျေးရွာ၊ အုမ္မသီးကျေးရွာနှင့် စမ္မဆယ်ကျေးရွာများတွင်ရှိသော အကြမ်းဖက်များကိုလည်း လက်နက်ကြီးပစ်ကူများဖြင့် နှိမ်နင်းတိုက်ခိုက်နေကြောင်းသိရပြီး အကြမ်းဖက်အများကလည်း ပြန်လည်ခုခံမှု့များရှိနေကြောင်း၊ အကြမ်းဖက်များအား စိတ်ကြွဆေးများကျွေးထားသည်ဟု ယူဆရကြောင်း မြေပြင်မှ ဒေသခံရွာသားများက သတင်းပေးပို့လာပါသည်။
■ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းနေရာတွင်ရောက်ရှိနေသော အကြမ်းဖက်သောင်းကျန်းသူပူး ပေါင်းအဖွဲ့များကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးမှာ အကြမ်းဖက်များ၏နေရာ တည့်တည့်ထိမှန်၍ သေဆုံးမှု့များရှိကြောင်း၊ အဆိုပါနေရာတွင် သေ ဆုံးထိခိုက်ဒဏ်ရာရနေသော အကြမ်းဖက်များကို ကျန်ရှိသည့် အကြမ်း ဖက်သောင်းသူများက လူနာထွက်ကောက်ရာ လက် နက်ကြီးဗုံးသီး ဒုတိယ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးဗုံးသီးများ ထပ်မံထိမှန်ခဲ့ခြင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူ အမြောက်အများ သေဆုံးဒဏ်ရာရနေကြောင်း အဆို ပါဖြစ်စဥ်နေရာအနီးတွင် တောင်ယာလုပ်နေသော ရွာသားတစ်ဦး က သစ်ပင်ပေါ်မှတက်၍ ကြည့်ရှုရာ မျက်မြင်တွေ့ရှိရကြောင်း သတင်းပေးပို့လာပါသည်။
#PAN