ဘားအံမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

အောက်တိုဘာ ၃၁
     
      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တို ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ သိန်းညွန့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ဝဝ ကိုသိမ်းဆည်းရမိခဲ့သဖြင့် သိန်းညွန့်၊ ၄၅ နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

       အလားတူ အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ် အေးသာယာမြို့၊  ရပ် ကွက်(၅) သစ္စာလမ်းတွင် စိုင်းလုံမောင်းနှင်ပြီး မောင်ငြိမ်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ် တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ကျော ပိုးအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလုံ၊ ၂၆ နှစ်နှင့် မောင်ငြိမ်း၊ ၄၂ နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN