ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်း သူ KKO(ခွဲထွက်)အဖွဲ့က ပစ်ခတ်သည့် လက် နက်ကြီး၊ ငယ်ကျည်များ အရပ်သားပြည်သူများ ထိမှန်

အောက်တိုဘာ ၂၈

       ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အကြမ်းသောင်းကျန်းသူအဖွဲ့မှ အမှတ်(၇)ရပ်ကွက်၊ ခနိမ်းမူ ဂိတ်(၃)နှင့် ဂိတ်(၄) ရှိ မိမိလခရအဖွဲ့များအားလာရောက်ပစ်ခတ်တိုက်ခဲ့ရာ ၎င်းတို့ ပစ်ခတ်သည့် လက် နက်ကြီး၊ လက်နက်ငယ်ကျည်များမှာ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်း ထိမှန်ခဲ့ကြောင်း သိရပါသည်။

     ထိုကဲ့သို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များထိမှန်ခြင်းကြောင့်  ဒေါ်အေးစန်း၊ ၄၇ နှစ်၊ (ဘ)ဦးချာနားတု၊ မပတ-ရှိ/မမှတ်မိ၊ ဟိန္ဒူ/ဗုဒ္ဓ၊ မှီခို၊ ကျောက်စလစ် ကုန်း၊ ကော့နွဲ့ကျေးရွာ၊ ကကရမြို့နေသူတွင် ယာကျောကုန်းတွင် လက်နက် ကြီးအစထိမှန် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)၊ မဇာခြည်ထွန်း၊ ၂၀ နှစ်၊ (ဘ)ဦးဆန်း၊ဗမာ/ဗုဒ္ဓ၊ မှီခို၊ ကြာအင်းကုန်း၊ အမှတ်(၄)ရပ်ကွက်၊ ကကရမြို့နေသူတွင် ဝဲလက်ဖမိုးလက်နက်ကြီးစထိမှန် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်ခင်ထွေး၊ ၄၅ နှစ်၊ (ဘ)ဦးထွန်းရင်၊ ဗမာ/ဗုဒ္ဓ၊ မှီခို၊တံတားဦး၊အမှတ် (၇)ရပ်ကွက်၊ ကကရမြို့နေသူတွင် ဝဲနားထင်လက်နက်ကြီးစထိမှန် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့သည်ဟု မြို့ပေါ်နေ ဒေသခံ တစ်ဦးထံမှ သိရပါသည်။

      ” မနက်ကတည်း ပစ်နေတာ၊ ကျွန်တော်အတိအကျသိတာက ထိခိုက်ဒဏ်ရာရတာ အဲဒီအမျိုးသမီး ၃ ဦးပါ၊  အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ တော်တော်များတယ်လို့ သိရတယ်၊ အကုန်လုံးက ပုန်းနေကြတော့ ဘယ်သူတွေ ထိထားလဲဆိုတာ မပြောနိုင်သေးဘူး ” ဟု အဆိုပါ မြို့ခံက ထပ်ပြောလာပါသည်။

    အဆိုပါ ဒဏ်ရာရရှိသူများကို မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ဘားအံပြည်သူ့ဆေးရုံသို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးမော်တော်ယာဉ်ဖြင့် လွဲပြောင်းပို့ဆောင် ကုသလျက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN