မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင် မှုဖြစ်စဉ်မှ တရားခံ တစ်ဦး ဖမ်းဆီးရမိ

အောက်တိုဘာ ၂၇

     အောက်တိုဘာ ၂၅ ရက် နံနက် ၃ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့ နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် သုံးစီး၊ အုပ် ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင်နှစ်ထပ် ကျောင်း ဆောင် အဆောက်အအုံတစ်လုံးနှင့် အလျား ပေ ၄၀၊ အနံ ပေ ၃၀ ရှိ RC နှစ်ထပ်သင်ထောက်ကူ အဆောက် အအုံတစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၉,၃၇၅,၀၀၀ ခန့်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အမျိုး သမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ် ဆေးလျက်ရှိသည်။

ပြန်လည်ပြုပြင်တည်ဆောက်

       မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်း သား ကျောင်းသူများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက်စနစ်ဖြင့် အရှိန်မပျက် ပညာသင်ကြားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

#PAN