အောင်​မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်း ပေါက်ကွဲ ပြည်သူတစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၅

       မန္တလေးတိုင်းဒေသကြီး၊ အောင်​မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ အကွက်(ခ/၄၁၆)၊၆၆လမ်း၊ ၁၁လမ်းထောင့်တွင် ယနေ့ မွန်းလွဲပိုင်းက လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

      ယနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်ခန့်တွင် မန္တလေးဘိုးဘိုးကြီး နတ်နန်းအရှေ့ထိပ်၊ ၆၆×၁၁ လမ်းထောင့်၊ရွှေဆည် သူရကျော် မုန့်သိုင်းခြုံဆိုင် အနောက်ဘက်ရှိ MCDC စည်ပင်အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

      ထိုသို့ ပေါက်ကွဲမှုကြောင့် ရွှေဆည်သူရကျော် မုန့်သိုင်းခြုံဆိုင်မှ ဦးသူရလင်း၊၄၂နှစ်၊(ဘ)ဦးရွှေလင်း၊ကျောက်ဆည်မြို့နယ်၊ ငါးဆူပတ္တာကျေးရွာ နေသူသည် ဆိုင်အတွင်း အကြော်ကြော်နေစဥ် ယာဘက်ပေါင် အမှိုက်ပုံးအစများ ထိမှန်ဒဏ် ရာ(မစိုးရိမ်ရ)ရရှိခဲ့ရာ ၎င်းအား မန္တလေး ပြည်သူ့​ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိ​ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ လက်လုပ်မိုင်းကို အကြမ်းဖက် PDF များက ပြည်သူအများ ထိတ်လန်ကြောက်ရွံရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စည်ပင်ဝန်ထမ်းများ အမှိုက်သိမ်းချိန်နှင့် ကြုံ ကြိုက်ပါက အဆိုပါဝန်ထမ်းများအတွက် အန္တရာယ်ရှိကြောင်းနှင့် အကြမ်းဖက် သမားများသည် လက်နက်မဲ့ အရပ်သားပြည်သူများကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူများထံမှ သိရပါသည်။

#PAN