မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ  ပုလဲအတွဲအားလုံးရောင်းချနိုင်ခဲ့

အောက်တိုဘာ ၂၄

      နေပြည်တော်တွင် ကျင်းပနေသည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲအားလုံး ရောင်းချနိုင်ခဲ့သည်ဟု မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။

       ယခုကျင်းပနေသည့် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲမှာ ပုလဲအတွဲ ၃၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အတွဲ ၃၀၀ စလုံးကို ပြပွဲသုံးရက်အတွင်း ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

      ပြပွဲစတုတ္ထမြောက်နေ့ဖြစ်သည့် အောက်တို ဘာလ ၂၃ ရက်နေ့တွင် ကျောက်မျက်အတွဲ ၁၆၀ ကို အိတ်ဖွင့် တင်ဒါစနစ်နှင့် ပြည်တွင်း ပြည်ပမှ ရတနာကုန်သည်များကို ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၀၂၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်နှင့် ရောင်းချ ပေးနေခြင်း ဖြစ်ပါ သည်။

#PAN