ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာရှိ စာသင် ကျောင်းအတွင်းမှ အကြမ်း ဖက် PDf များသိုဝှက်ထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၃
     
      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း အကြမ်း ဖက် PDf များက လက်နက်ခဲယမ်းများ သိုဝှက်ထားကြောင်း ဒေသခံပြည်သူများ၏ ပေးပို့လာသည့် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု သိရပါသည်။

      ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါ စာသင်ကျောင်းအတွင်းမှ အကြမ်းဖက် PDf များ သိုဝှက်ထားသော လက်လုပ်သေနတ် (အရှည်) ၅ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၈ လုံး၊လက်လုပ်စိန်ပြောင်းဗုံးသီး ၂၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၄၄ လုံး၊ ကျည်ကာအင်္ကျီ ၁၅ ထည်၊ ဝါယာကြိုး ၁၀ ခွေ၊ ယမ်းကြိုး ၂ ခွေ၊ စနက်ကြိုး ၂ ခွေ၊ တိုက်ကြိုး ၂ ခွေ၊ ဆိုင်ကယ်ဘက္ထရီအိုး ၂၀ လုံး၊ တိုက်ခလုတ် ၁၅ ခု၊ သံတို/သံစ ( ၂၀ ပိဿာခန့်) ၁ ပုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

     စစ်ကိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူ များ၏ သတင်းပေးမှုများကြောင့် အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များက ဖော် ထုတ်ရှင်းလင်း သိမ်ဆည်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အကြမ်းဖက်အဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း နည်းပါလာသည့် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု သိရပါသည်။

#PAN