အမေရိကန်က နောက်ထပ် လေကာစနစ်များကို အစ္စရေးအနီး၌ ဖြန့်ကြက်မည်

အောက်တိုဘာ ၂၃

       အမေရိကန်က နောက်ထပ်လေကြောင်းရန် ကာ ကွယ်ရေးစနစ်များကို အစ္စရေးနိုင်ငံအနီး၌ ဖြန့်ကြက်ချထားမည် ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။ အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များကို တိုးမြှင့်ကာကွယ်နိုင်ရေးအတွက် အတိအကျမဖော်ပြနိုင်သော နေရာအများအပြား၌ THAAD လေကြောင်းရန် ကာ ကွယ်ရေးတပ်ခွဲတစ်ခွဲနှင့် ပက်ထရီးယော့ ဒုံးတပ် ရင်းများကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်က ပြောသည်။

       THAAD လေကာစနစ်များသည် ကီလိုမီတာ ၂၀၀ အတွင်းရှိ ပစ်မှတ်များကို ချေမှုန်းနိုင်ပြီး ဒုံးကျည်အမျိုးအစား အမျိုးမျိုးကို ကြားဖြတ်ပစ်ချနိုင်ရန် တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ ပက်ထရီးယော့လေကာစနစ်မှာမူ ကီလိုမီတာ ၁၆၀ အတွင်း ဝင်ရောက်လာသော ဒုံးကျည်များ၊ ဒရုန်းများနှင့် စစ်လေယာဉ်များကို ပစ်ချနိုင်စွမ်းရှိသည်။

        လွိုက်ဩစတင်က သမ္မတ ဂျိုးဘိုင်ဒင်နှင့် အသေးစိတ်ဆွေးနွေးညှိနှိုင်းပြီးနောက် အစ္စရေးကို ပံ့ပိုးပေးသည့် ကြိုးပမ်းမှုတစ်ခုအဖြစ် ယခု ဆုံးဖြတ် ချက်ကို ချလိုက်ရခြင်းဖြစ်ကြောင်းနှင့် အရေအတွက်ဖော်ပြနိုင်ခြင်းမရှိသည့် အမေရိကန်စစ်သည်များကိုလည်း အသင့်ပြင်ထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN