ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၄၆၀၀ ကျော် သေဆုံး

အောက်တိုဘာ ၂၃

    ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား သေဆုံးမှုသည် အောက်တိုဘာ ၂၂ ရက်တွင် ၄၆၅၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

      ထို့ပြင် ဂါဇာကမ်းမြောင်ဒေသအတွင်း ပါလက်စတိုင်း ၁၄၂၄၅ ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါ ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် ကလေး ၁၈၇၃ ဦးနှင့် အမျိုးသမီး ၁၀၂၃ ဦးပါဝင်ကြောင်းလည်း သိရသည်။

       ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်း ဆုံး ပါလက်စတိုင်းနိုင်ငံသား ၂၆၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် အောက်တိုဘာ ၇ ရက်က အစ္စရေးစစ်တပ်ပစ်မှတ်
များနှင့် မြို့များကို ကြီးမားသော ဟားမတ်စ်တိုက်ခိုက်မှုမှ အစပြုခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အစ္စရေးတွင် အနည်းဆုံး ၁၄၀၀ ခန့်သေဆုံးခဲ့သည်။

#PAN