ပီအက်စ်ဂျီအသင်းမှာ ဂျာစီရောင်းချမှု အများဆုံးဖြစ်နေတဲ့ အာရှသားလီကန်အင်

အောက်တိုဘာ ၂၃

ယခုနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့ ဂျာစီရောင်းချမှုမှာ ကီလီယန် အမ်ဘာပေ ဂျာစီထက် ပိုမိုရောင်းအားကောင်းနေတာ ကစားသမားသစ် လီကန်အင်ရဲ့ ဂျာစီရောင်းချမှု ဖြစ်တယ်လို့ သိရပါတယ်။

မာယော့ကာအသင်းမှ ပေါင်း(၁၉)သန်းနဲ့ ပြောင်းရွှေ့ရှောက်ရှိလာသူ တောင်ကိုရီးယား ကွင်းလယ်နှင့်တောင်ပံကစားသမား လီကန်အင်က ဘာပေထက်ကို ကျော်လွန်ပြီး ပီအက်စ်ဂျီအသင်းမှ ပေါ်ပြူလာ ဖြစ်နေရသလို သူ့နာမည်နဲ့ ကြောနံပါတ် ပါဝင်တဲ့ ဂျာစီရောင်းချမှုကလည်း ဘာပေ ဂျာစီ ရောင်းချမှုထက်ပင် များပြားနေကြောင်းသိရပါတယ်။