အီဂျစ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် အစ္စရေး-ဟားမတ်စ်ပဋိပက္ခကို ဖြေရှင်းရန် နိုင်ငံတကာညီလာခံ ကျင်းပ

အောက်တိုဘာ ၂၃

    ကမ်းမြောင်ဒေသရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို ဖြေရှင်းရန်အတွက် နည်းလမ်းကောင်းများရှာဖွေရန် နိုင်ငံ တကာညီလာခံကို အီဂျစ်နိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။

တက်ရောက်

      အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၃၀ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစ္စရေးနိုင်ငံက တက်ရောက်ခြင်းမရှိခဲ့ပေ။

       အီဂျစ်သမ္မတ အယ်လ်စီစီက နိုင်ငံတကာညီလာ ခံ၌ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ် အတည်းကို ဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ပြန်လည်အသက်သွင်းရန် လမ်းပြမြေပုံတစ်ခုအပေါ် တိကျ သော သဘောတူညီချက် တစ်ခုရရှိရေး တိကျစွာ လက်တွဲလုပ်ဆောင်ရန် တက်ရောက်လာသူများကို ၎င်းက တောင်းဆိုခဲ့သည်။

       အစ္စရေးနှင့် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေချိန်တွင် အဆိုပါ နိုင်ငံ တကာညီလာခံကို ကျင်းပခြင်းဖြစ်သည်။

       လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်သို့ မြေပြင်ထိုးစစ်ဆင်ရန် အသင့်အနေအထားတွင် ရှိနေသည်။ ညီလာခံမတိုင်မီ ဂါဇာကမ်းမြောင်ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဂါဇာကမ်းမြောင် ဒေသသို့ ကုန်တင်ယာဉ်များ ပို့ဆောင်ခွင့်ပြုရန် အီဂျစ်နယ်စပ်ဖြတ်ကျော်မှုကို ဖွင့်လှစ်ခဲ့သည်။

       အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တင်းမာမှုများကို ဖြေလျှော့ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးပို့ခြင်းအတွက် အဆိုပါ ညီလာခံမှ မည်သည့်ရလဒ်များ ထွက်ပေါ်လာမည်လဲ ဆိုသည့်အပေါ် နိုင်ငံရေးစောင့်ကြည့်လေ့လာ သူများက အာရုံစိုက်လျက်ရှိသည်။

#PAN