Junior Golf Myanmar(JGM) ၁၀ နှစ်ပြည့်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

အောက်တိုဘာ ၂၂

      မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် Junior Golf Myanmar(JGM)တို့ ပူး ပေါင်း ကျင်းပသော Junior Golf Myanmar (JGM)၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် Junior Golf Myanmar(JGM)တာဝန်ရှိသူ များ၊ ရန်ကုန်ဂေါက်ကွင်းမှ အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက် သည်။

       ပထမနေ့အပြီးတွင် အသက် ၁၈ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ဟိန်းနိုင်ဇင် က စုစုပေါင်း ရိုက် ချက် ၇၁ ချက်၊ အသက် ၁၄ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ကောင်းမြတ်ဟိန်း က စုစုပေါင်း ရိုက်ချက် ၈၆ ချက်၊ အသက် ၁၂ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် အောင်သန်းထွဋ် က စုစုပေါင်း ရိုက်ချက် ၈၄ ချက်၊ အသက် ၁၈ နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ချိုသာအောင် က စုစုပေါင်း ရိုက်ချက် ၈၁ ချက်ဖြင့် ထိပ်ဆုံးနေရာများတွင် အသီးသီး ဦးဆောင်လျက်ရှိသည်။

      ယင်းပြိုင်ပွဲတွင် အသက် ၁၂ နှစ်အောက် အမျိုး သားပြိုင်ပွဲတွင် ၁၃ ဦး၊ အသက် ၁၄ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ၉ ဦး၊ အသက် ၁၈ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ၁၁ ဦးနှင့် အသက် ၁၈ နှစ် အောက် အမျိုးသမီးပြိုင်ပွဲတွင် ၁၁ ဦး စုစုပေါင်း အား ကစားသမား ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။ ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်တာကျင်းပမည်ဖြစ်သည်။

#PAN