ဇေယျာသီရိမြိုနယ် အောင်ဇေယျရပ်ကွက်နှင့် သာစည်ကျေးရွာ တို့တွင် ကြိုးဆွဲချသေဆုံးမှုများ ဖြစ်ပွား

အောက်တိုဘာ ၂၂

နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ အောင်ဇေယျရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အမျိုး သမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ပြီး၊ အလားတူပင် မွန်းလွဲ ၁ နာရီအချိန်ခန့်၌ သာစည်ကျေးရွာတွင်လည်း အသက် ၁၄ နှစ်အရွယ် လေးတန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

​​ဖြစ်စဥ်မှာ အောင်ဇေယျရပ်ကွက်၊ အိမ်အမှတ်(၂၂၆)၊ အိမ်ရှင်ဦးမင်းမင်းသိန်း၊ ၃၈ နှစ်(ဘ)ဦးဝင်းရှိန် ဆီဘောင်ဆာ ယာဉ်မောင်း၏ သုံးပင်၊ လေးပင်၊ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်နေအိမ်၏ ရှေ့အဖီခန်းတွင် ၎င်း၏ဇနီးဖြစ်သူ မကေသီ ၃၂ နှစ်၊ (ဘ)ဦးရွှေသည် ရှေ့အဖီမျှားတန်းတွင် အနီ/အပြာရောင်၊ နှစ်ပင်လိမ်ကျစ်ကြိုးအား အသုံးပြု၍ အနောက်ဘက်သို့ မျက်နှာ လှည့်ပြီး လျှာတစ်လစ်ထွက်၊ လက်နှစ်ဘက်အောက်သို့ချကာ သေဆုံးနေကြောင်း၊ ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း၊ သေဆုံး သူ၏ သမီးဖြစ်သူ မအိသန္တာဖြိုးမှ ပြောကြားရာတွင် ဖခင်​​ဖြစ်သူ ဦးမင်းမင်းသိန်းမှာ ယာဉ်မောင်းအလုပ်ဖြင့် ထွက်သွား သည်မှာ ၄ ရက်ခန့် ကြာရှိနေပြီဖြစ်ကြောင်း၊ ၎င်းသည် နံနက် ၆ နာရီခွဲ အချိန်ခန့်၌ မိခင်ဖြစ်သူအား ကြိုးတန်းလန်းနှင့် စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အလားတူပင် သာစည်ကျေးရွာ၌ ယမန်​​နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်တွင်  မောင်ဘိုဘိုအောင်၊ (ဘ)ဦးမင်းအောင်၊ အသက် ၁၄ နှစ်အရွယ် လေးတန်းကျောင်းသားတစ်ဦးသည် ၎င်းနေအိမ်၏ အမြင့် ၇​ ပေခန့်ရှိ ထုတ်တန်းတွင် ပလပ် စတစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိရသဖြင့်  ပြည်စံအောင် ဂရုနာရှင်လူမှုကူညီရေးအသင်း ကားဖြစ် အလောင်းအား ခုတင်(၁၀၀၀)ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကြိုးဆွဲချသေဆုံးမှုသတင်းအရ နယ်​​​မြေခံရဲစခန်းမှ တာဝန်ရှိသူများသည် ​ကျေးရွာအုပ်ချုပ်​​ရေးအဖွဲ့နှင့် အတူ သွားရောက်စစ်ဆေး ခဲ့ကြပြီး သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သရှိရပါသည်။ ဇေယျာသီရိ မြို့နယ်တွင် အောက်တိုဘာလအတွင်း ကြိုးဆွဲချသေဆုံးမှု့ မှာ ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

#PAN