၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုခွဲမှုမှာ မရဏအုပ်စုအတွင်း ကျရောက်နေတဲ့ မြန်မာအသင်း

အောက်တိုဘာ ၁၈

      ၂၀၂၆ ကမ္ဘာ့ဖလား(အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲအတွက် အုပ်စုခွဲဝေမှုကို ထုတ်ပြန်ခဲ့ရာ မြန်မာအသင်းက အုပ်စု(ခ)မှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆာဘီယား တို့နဲ့ ကျရောက်နေပါတယ်။ 

       မြန်မာအသင်းဟာ အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းက ကစားခဲ့တဲ့ မကာအိုအသင်းနဲ့ ပွဲစဉ်မှာသရေ ရလဒ်ဖြစ်ပေါ်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး၊ ၁ ဂိုးနဲ့ ဒုတိယအဆင့်ခြေစစ်ပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

       အုပ်စု(ခ)မှာ ခြေစွမ်းထက်မြက်ပြီး မာကျောတဲ့အသင်းတွေ ဖြစ်တာကြောင့် မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲ အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#PAN