အကြမ်းဖက်သောင်း ကျန်းသူ KKO ခွဲထွက်နှင့် PDF အကြမ်းဖက်အဖွဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် ၆၀ မမ ဗုံးသီးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရ

အောက်တိုဘာ ၁၄

     ကရင်ပြည်နယ်၊ ကော့ကရိန်မြို့နယ်၊ ကော့နွဲကျေး ရွာ စာသင်ကျောင်းတွင် အခြေပြုလုံခြုံရေးဆောင်ရွက်လျှက်ရှိသည့် တပ်မတော်စစ်ကြောင်းကို ခေါင်း ဆောင်(စိစစ်ဆဲ) အကြမ်းဖက်သောင်း ကျန်းသူ KKO ခွဲထွက်နှင့် PDF အကြမ်းဖက်အဖွဲ့ ပူးပေါင်းအင်အား ၁၅ ဦးခန့်က အဘောဘုရားကုန်း ဘက်မှ ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ၆၀ မမစိန်ပြောင်းဖြင့် ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ် ခတ်လိုက်သော ၆၀ မမ ဗုံးသီးမှာ တတန်ကူးကျေးရွာအနီး လယ်ကွင်းနေရာသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုကြောင့် ဖြစ်စဉ်နေရာအနီးတွင် ခြံစည်းရိုးကာရံနေသည့် ဦးထွန်းအေး၊ ၅၃ နှစ်၊ (ဘ)ဦးပန်းညွန့်၊ လယ်လုပ် ၊ ကရင်/ဗုဒ္ဓ ၊ တတန်းကူးကျေးရွာ ၊ ကော့ကရိတ်မြို့နေသူထံတွင် ယာဘက်တင်ပါးဆုံတွင် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီးခရိုင်ပြည်သူ့ဆေးရုံမှတစ်ဆင့် တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ပို့ဆောင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN