မဲခေါင်-လန်ချန်းသစ်သီးပွဲတော်(မြန်မာ)မှတစ်ဆင့် မြန်မာ့သစ်သီးများ ဈေးကွက်ပိုရလာရန် လုပ်ဆောင်မည်ဟုဆို

အောက်တိုဘာ ၁၄

     တရုတ်ဈေးကွက်တွင် ဝယ်လိုအားကျနေသည့် မြန်မာ့သစ်သီးများကို မဲခေါင်-လန်ချန်းသစ် သီးပွဲတော် (မြန်မာ)က တစ်ဆင့် တရုတ်ဈေးကွက်ပိုမိုရောင်းချနိုင်ရန် လုပ်ဆောင်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရပါသည်။

      မဲခေါင်-လန်ချန်းသစ်သီးပွဲတော်(မြန်မာ)ကို  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်း ပပြုလုပ်မှာ ဖြစ်ပါသည်။

     မြန်မာနိုင်ငံမှ ထွက်ရှိသော သစ်သီးဝလံများအနက် တရုတ်က အဓိကဝယ်ယူသည့် ဖရဲနှင့် သရက် တို့မှာ ယခုနှစ်တွင် ဈေးကွက်ကျဆင်းလာခဲ့ပါသည်။

       ပြီးခဲ့သည့် သရက်ရာသီတွင် မြန်မာနိုင်ငံမှတင်ပို့သည့် သရက်သီးများက အလုံးမလှခြင်းကြောင့် တရုတ်နိုင်ငံမှ ထွက်ရှိသည့် ဒေသတွင်းသရက်သီးများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တာဖြစ်ကြောင်း သစ်သီးကုန်သည်များထံမှ သိရပါသည်။

       ဖရဲတင်ပို့ချိန်မှာလည်း တရုတ်နိုင်ငံတွင်း ဖရဲပေါ်ချိန်ဖြစ်နေခြင်းကြောင့် မြန်မာ့ဖရဲ အဝယ်မလိုက်သည့်အပြင် ဈေးကောင်းမရဖြစ်ခဲ့ပြီး ၁၂ ဘီးကားတစ်စီး တင်ပို့ပါက ငွေကျပ် ၁၅ သိန်းလောက် ဆုံးရှုံးမှုရှိကြောင်း ဖရဲ ကုန်သည်များက ဆိုပါသည်။

       မဲခေါင်-လန်ချန်းသစ်သီးပွဲတော်(မြန်မာ)ကတစ်ဆင့် တရုတ်ဈေးကွက်ပိုရလာရန် မျှော်လင့်ထားပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် အခြားဈေး ကွက်ဝင်သီးနှံများဖြစ်သည့် ထောပတ်၊ နာနတ်၊ မက္ကဒေးမီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးတို့အပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါ ထည့်သွင်းပြသမည်ဟု သိရပါသည်။

       ပွဲတော်မှာ နိုင်ငံတကာမှ ကုန်ဝယ်သူများနှင့် ချိတ် ဆက်ပြီး ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်သည့် အခြေအနေဖြစ်လာအောင် စီစဉ်ဆောင်ရွက်သွားမည်ဟု သိရပါ သည်။

#PAN