လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မုတ်သုံလေဆုတ်ခွာနိုင်

အောက်တိုဘာ ၁၂

       အနောက်တောင် မုတ်သုံလေသည် အောက် တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသတွေနှင့်  အောက် တိုဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားပါသည်။

        အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ အောက်တိုဘာလဒုတိယပတ် ၁၀ ရက်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ယခုလိုဖော်ပြခဲ့သည့်အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့မှာ အောက်တိုဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ငည် သိရပါသည်။

        မိုးရွာရက်အနေနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန် ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုပါ သည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့မှာ ၃ ရက်နေ့မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။