မြိတ်မြို့နယ်၊ ဧရာနဒီရေခဲစက်ခြံဝင်းအတွင်း အုတ်နံရံစီထားသော မြက်ခင်းပြင်တွင် ဗုံးပေါက်ကွဲမှု့ဖြစ်ပွား


အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာအုပ်စု၊ ပြည်ထောင်စုကားလမ်းမကြီးနံဘေး လွတ်လွတ်ရွာ ဧရာနဒီရေခဲစက်ခြံဝင်းအတွင်း လမ်းမကြီးနံဘေးအုတ်နံရံစီထားသော မြက်ခင်းပြင်တွင် ယနေ့နံနက် ၄နာရီကျော်အချိန်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ လုံခြုံရေးအဖွဲ့များရောက်ရှိလာပြီး ပေါက်ကွဲမှု့ဖြစ်စဥ်နေရာအား စစ်ဆေးရာ လူနှင့်ပစ္စည်းထိခိုက်မှု့မရှိကြောင်း၊ ၎င်းပေါက်ကွဲမှုဖြစ်ပွားသောနေရာအနီး ၁၅ပေခန့်အကွာတွင် နောက်ထပ်တစ်လုံးတွေ့ရှိရပြီး အဆိုပါဗုံးအား မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်များမှ၇နာရီခွဲအချိန်တွင် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

#PAN