ဇေယျာသီရိမြိုနယ် ရန်ကုန်-မန္တ​လေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၂၈/၇ နှင့် ၂၂၉ ကြား ရေဆင်းဈေးဝင်ပေါက်တွင် မော်တော်ယာဥ်နှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွား


အောက်တိုဘာ၉

ယနေ့ မွန်းလွဲ၃နာရီ ၅၅မိနစ်အချိန်ခန့်က နေပြည်တော်၊ဇေယျာသီရိမြိုနယ် ရန်ကုန်-မန္တ​လေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၂၈/၇ နှင့် ၂၂၉ ကြား ရေဆင်းဈေးဝင်ပေါက်တွင် မော်တော်ယာဥ်နှင့် ဆိုင်ကယ် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

​​ဖြစ်စဥ်မှာ သိုက်ချောင်းဘက်မှ ပင်လောင်းလမ်းဆုံဘက်သို့ ယာဉ်မောင်း ဦးတိုးတိုးဝင်း၊ ၅၆ နှစ်၊ (ဘ) ဦးဝင်းမောင်၊ ကန်သာအေးကျေးရွာ၊ ရေဆင်းအုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်လာသော Honda Fit ငွေမှင်ရောင်မော်တော်ယာဉ်သည် ရေဆင်းဈေးဘက်သို့ ချိုးကွေ့စဉ် လာရာတူအတိုင်း နောက်မှ သိန်းထွန်း(ခ) လွေဖုန်း၊၂၀ နှစ်၊ (ဘ) ဦးရန်ကြင်း၊ စက်ကုန်းရွာ၊ ခေတ်အေးအုပ်စု၊ ဇေယျာသီရီမြို့နယ်နေသူမောင်းနှင်လာသည့် SHN/41982 Yamaha YZFR 6 ဆိုင်ကယ်နှင့် လမ်းအလယ်တွင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှု့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ သိန်းထွန်း(ခ) လွေဖုန်း တွင် ယာပေါင်/ယာလက် လှုပ်မရဒဏ်ရာများရရှိခဲ့သဖြင့် ဂရုဏာရှင်လှုမှုကူညီရေးယာဉ်ဖြင့် နေပြည်တော်၊ ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ယာဥ်တိုက်မှုဖြစ်စဥ်အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN