လာမည့်နှစ်ဦးပိုင်းအတွင်း တညင်းကုန်းဈေးတွင် ဈေးရုံသစ် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်

အောက်တိုဘာ ၅

       လာမည့် ၂၀၂၄ ခုနှစ်၏ နှစ်ဦးပိုင်းတွင် တညင်းကုန်း လက်ကားဈေးကြီးအတွင်း အခြေခံစားသောက် ကုန်များ လက်ကားရောင်းချနိုင်ရန် ဈေးရုံအသစ်တစ်ခု ထပ်မံဖွင့်သွားမည်ဟု ဈေးအုပ်ချုပ်ရေးရုံးမှ သိရပါသည်။

      အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ ဆား ၊ ငရုတ်၊ ကြက်သွန် ၊ အာလူး စား သောက်ကုန်များ လက်ကားရောင်းချနိုင်မည့် ဈေးရုံ- အမှတ်(၅) ကို လာမည့် ၂၀၂၄ခုနှစ် ဇန်န ဝါရီလ မှ ဖေဖော်ဝါရီလ များအတွင်း ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

       တညင်းကုန်းဈေးကြီးအတွင်း မကြာမီဖွင့်လှစ်မည့် ဈေးရုံ- အမှတ်(၅)တွင် ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ပါဝင်မှာ ဖြစ်ပြီး လက်ရှိတွင် ဈေးရုံကြီးကို တည် ဆောက်ဆဲဖြစ်ကြောင်း၊ ဆိုင်ခန်းဖွင့်ရန် စိတ်ဝင်စားသူများကလည်း ယခုကတည်းက လာရောက်လျှောက် ထားမှုများရှိနေကြောင်းနှင့်အများအားဖြင့် ရှမ်းပြည် နယ်မှ အာလူး ၊ ငရုတ် ရောင်းချလိုသူများက ဈေးရုံအမှတ်(၅)ရှိ ဆိုင်ခန်းများကို စိတ်ပါဝင်စားမှုရှိနေကြောင်း သိရပါ သည်။

       ၂၀၁၈ ခုနှစ်ကတည်းက တညင်းကုန်းလက် ကားဈေးကြီးကို စတင်ဖွင့်လှစ်နေခဲ့ခြင်းဖြစ်ပြီး ဈေးကြီးအတွင်းမှ ဈေးရုံများကို တစ်ခုချင်းစီတိုးချဲ့ဖွင့်လှစ်လျှက်ရှိရာ ယခု ၂၀၂၃ ခုနှစ် အောက် တိုဘာလ ၁ ရက်နေ့တွင် သစ်သီးဝလံ တစ်မျိုးတည်းကိုသာ သီးသန့်ရောင်းချပေးမည့် အအေးခန်းစနစ်ပါရှိသည့် သစ်သီးဈေးရုံကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

#PAN