ရေစကြိုမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဥ် အကြမ်းဖက်သောင်းကျန်းသူ PDF များနှင့် တွေ့ ဆုံတိုက်ပွဲများဖြစ်ပွား၊လက်နက်ခဲယမ်းများနှင့်အတူ PDF ၂ ဦး အသေဖမ်းဆီးရမိ

စက်တင်ဘာ ၂၉

       ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ် မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် အကြမ်းဖက် သောင်းကျန်းသူ PDF များနှင့် တွေ့ ဆုံတိုက်ပွဲဖြစ်ပွားခဲ့ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားကြသည်။

       အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သောင်း ကျန်းသူ PDF ၁ ဦးကို လက်လုပ်သေနတ် ၁ လက်၊ လက် လုပ်ကျည်အိမ် ၁ ခု၊ ၇.၆၂ မမကျည် ၈ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

       အလားတူ ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ကျေး ရွာအနီးတွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာ ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမ်-၂၂ သေနတ် ၁ လက်၊ကာဘိုင်သေနတ် ၁ လက်၊ အမ်-၂၂ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၅ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်တို့နှင့်အတူ အကြမ်းဖက် PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာ ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမ်-၂၂ သေနတ် ၁ လက်၊ကာဘိုင်သေနတ် ၁ လက်၊ အမ်-၂၂ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၅ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်တို့နှင့်အတူ အကြမ်းဖက် PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်း ဖက်သောင်းကျန်းသူ PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိပါသည်။

       ထိုသို့ တိုက်ပွဲများတွင် အကြမ်းဖက်သမား PDF များကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိသည့်အခါ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို စိစစ်ကြည့်လျှင် PDF အများစုမှာ လက်လုပ်သေနတ်များသာကိုင်ဆောင်ကြရပြီး တစ်ဦးလျှင် ခဲယမ်းအနည်းငယ်သာရှိကြကြောင်း၊ ၎င်းတို့အနေဖြင့် ရေရှည်စစ်ပွဲ ဆင်နွဲရန်မဖြစ်နိုင်ကြောင်း ဒေသခံပြည်သူစစ်များ၏ ပြောပြချက်အရ သိရပါသည်။

#PAN