“အိန္ဒိယနိုင်ငံဖွား အမျိုးသား တစ်ဦးက အိန္ဒိယ နိုင်ငံ စစ်တပ်၏ သတင်းနည်းဗျူဟာ အချက်အလက် များအား ပါကစ္စတန်နိုင်ငံ၏ ထောက်လှမ်းရေး အဖွဲ့သို့ ပေးပို့ခဲ့သောကြောင့် အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်ခဲ့”

စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံစစ်တပ်၏မဟာဗျူဟာ အချက်အလက်များကို Pakistan Intelligence Agency (ISI) အဖွဲ့အစည်းထံသို့ ပေးပို့ပေးခဲ့သော Shailendra Singh Chauhan အမည်ရှိ အမျိုးသားတစ်ဦးကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ များက ဖမ်းဆီးခဲ့ကြပါတယ်။

Shailendra Singh Chauhan အမည်ရှိ အမျိုးသားတစ်ဦးသည် ISI ပါကစ္စတန် ထောက်လှန်းရေးအဖွဲ့အစည်း အတွက် နာမည် အထောက်အထား အတုများဖြင့် အလုပ်လုပ်နေသော ‘Harleen Kaur’ အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့ပြီး Facebook အများပြည်သူ အသုံးပြုနိုင်သည့် Social Media မှတစ်ဆင့် စတင်စကားပြောခဲ့ကြောင်း လည်း သိရပါတယ်။

ထို့နောက် စွပ်စွဲခံရသူအမျိုးသားသည် အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက်ပိုင်းရှိ Arunachal Pradesh ပြည်နယ် တွင် အထမ်းသမား အဖြစ် လုပ်ကိုင်နေပြီး Pakistan’s ISI ထောက်လှမ်းရေး အဖွဲ့ သို့ အိန္ဒိယ စစ်တပ်၏ လျှို့ဝှက် အချက်အလက်များ ပေးပို့ခဲ့ပြီး ပေါက်ကြား မှုများ ဖြစ်ခဲ့ကြောင်းကြောင်း အိန္ဒိယနိုင်ငံ၏ မဟာဗျုဟာမြောက် အထူးထောက်လှမ်းရေး ဌာန Anti-Terrorism Squads (ATS) မှ တာဝန်ရှိသူများက ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်နေ့က ပြောကြားခဲ့ကြကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထား ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *