ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဦးဝင်မြဆန်စက်လမ်းရှိ သံလွင်ဆေးရုံဝန်းအတွင်း ဆောက်လုပ်လက်စ ၅ ထပ် အဆောက်အုံပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး

ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ သံလွင်ပုဂ္ဂလိက ဆေး ရုံဝန်းအတွင်း ဆောက်လုပ်ဆဲ ၅ ထပ် ဆေးရုံအသစ် အဆောက်အဦးပေါ်မှ အလုပ်သမား တစ်ဦး ပြုတ်ကျသေဆုံး


စက်တင်ဘာ ၂၄

      ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဦးဝင်းမြဆန်စက်လမ်းရှိ သံလွင်ပုဂ္ဂလိကဆေးရုံ ဝန်းအတွင်း ဆောက်လုပ်ဆဲ ၅ ထပ် ဆေးရုံအသစ်အဆောက်အဦးပေါ်မှ အလုပ်သမားဖြစ်သူ ဦးမျိုးကို(၅၉)နှစ်(ဘ)ဦးတွတ်နီ၊ဗမာ/ဗုဒ္ဓ၊ပန်းရံလုပ်၊ ရုံးလမ်း၊ စည်ကြီးဆွဲရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူမှာ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရပါသည်။

        အဆိုပါ အဆောက်အဦ ဆောက်လုပ်ရေးတာဝန်ခံ ဒေါ်အေးအေးအောင်၊ ၃၀ နှစ်၊(ဘ)ဦးဝင်းသိန်း၊ ဗမာ/ဗုဒ္ဓ၊ ဆောက်လုပ်ရေးအင်ဂျင်နီ ယာ၊ သစ္စာဆောက်လုပ်ရေးကုမ္ပဏီ၊ ကံသာကြီးကျေးရွာ/အုပ်စု၊ မကွေးမြို့နေသူနှင့် သေဆုံးသူ ကိုမျိုးကိုနှင့် အဆောက်အဦး ၃ ထပ်မြောက်တွင် အလုပ်အတူ လုပ်ကိုင်နေသော ကိုမင်းမင်း၊ ၃၄ နှစ်၊ (ဘ)ဦးကြည်ဝင်း၊ ဗမာ/ဗုဒ္ဓ၊ပန်းရံလုပ်၊ ပုထိုးကြီးလမ်း၊ စကားတောင်ရပ်၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့နေသူတို့၏ ပြောပြချက်အရ ဦးမျိုးကိုမှာ သံလွင်ဆေးရုံသစ် အဆောက်အဦး ၃ ထပ်မြောက်တွင် နံရံအတွင်း ဘက်ခြမ်းအား ကြွေပြားကပ်နေပြီး ပေဖူးဖြင့်တိုင်းတာနေစဉ် အောက်သို့ပြုတ်ကျသည်ကို တွေ့ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ အဆောက်အဦးပေါ်မှ ပြုတ်ကျရာ ဦးမျိုးကို မှာ ဆေးရုံသစ်ဆောက်လုပ်ဆဲ အဆောက် အဦနှင့် ၇ ပေခန့်အကွာရှိ ခြံစည်းရိုး၌ ကာရံ
ထားသော ဟောလိုပိုက်မှာ လည်ပင်းဖေါက်ဝင်ဒဏ်ရာ ရရှိထားပြီး သွေးများထွက်ကာ မစင် ထွက်လျှက် သေဆုံးနေပြီး အနီးတွင် ပေကြိုးဗူး ၁ ခုကို တွေ့ရှိရကြောင်း၊ ၃ ထပ်မြောက်နေရာသို့ နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများက  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပြတင်း ပေါက်အနီးရှိ အမြင့် ၅ ပေ၊ ၇ လက်မခန့်ရှိ သံငြမ်းပေါ်တွင် မဆလာထည့်ထားသည့် သံဒယ် ပိုင်း ၁ ခု၊ ကြွေပြားထုသည့် ရော်ဘာတူ ၁ ခု၊ အရှည် ၁၅ လက်မခန့်ရှိ သစ်သားရိုးတပ်ထားသည့် ဆိတ်ချိုတူ ၁ လက်၊ အလျား ၁၂ လက်မ၊ အနံ ၈ လက်မခန့်ရှိ အဖြူရောင်ကြွေပြား ၄ ချပ်တို့ကို တွေ့ရှိခဲ့ရပြီး သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

      ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမျိုးကို သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးပေးရန်အမှုဖွင့်လှစ်ပြီး ပြည်မြို့နယ်ရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ် (၁၈/၂ဝ၂၃)ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။