“ဖိလစ်ပိုင်အစိုးရက တောင်တရုတ် ပင်လယ်ပြင် တွင် တရုတ်ကမ်းခြေစောင့် တပ်များ၏ ရေပေါ်အတား အဆီးများ တပ်ဆင်ခဲ့သည့် လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချခဲ့”

စက်တင်ဘာ ၂၄

အငြင်းပွားမှုများ ဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်ပြင်အတွင် ရေပေါ်အတား အဆီးတစ်ခုအား တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်က တပ်ဆင်မှုများပြုလုပ် နေတယ်လို့ ဖိလစ်ပိုင်အစိုးရ က ယနေ့ တနင်္ဂနွေနေ့က စွပ်စွဲပြောဆိုခဲ့ပြီး တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာထားကာ အဆိုပါ အတားအဆီးများ တပ်ဆင်နေသည့် ဒေသမှာ ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းစက်လှေများ ဝင်ထွက်သွား လာနေခြင်းတွေကို တားဆီး မှုများပြုလုပ် ထားတာလည်းဖြစ်တယ်လို့ဆိုထားပါတယ်။

မနီလာ(ဖိလစ်ပိုင်) တို့၏ ကမ်းရိုးတန်း စောင့်တပ်နှင့် ငါးလုပ်ငန်းနှင့် ရေနေ အရင်းအမြစ်ဌာနတို့က Scarborough Shoal ကျွန်း၏ တစ်စိတ်တစ်ပိုင်း၌ တရုတ်နိုင်ငံမှ အတားအဆီးများ တပ်ဆင် ခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Jay Tarriela က၎င်း၏ Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဝန်ထမ်းများ က Bajo de Masinloc လို့လူသိများသော တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ရက်နေ့ သောကြာနေ့က ပုံမှန်ကင်း လှည့်မှုများပြုလုပ်နေစဥ် တရုတ်နိုင်ငံ၏ မီတာ ၃၀၀ အရှည်ရှိ ရေပေါ်အတားအဆီးကို ရှာဖွေ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *