ကျိုက်ထိုမြို့နယ်၌ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေသူများဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်နေ ဦးမင်းဇော်(၄၂)နှစ်နှင့် ငှက်ပျောတောကျေးရွာနေ ဦးချစ်သဲအောင်(၃၃)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိထားသူများ အား ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ ပိုဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN