ကော့ကရိတ်မြို့၊ဓမ္မာရာမဘုရားကုန်းပေါ်ရှိ လုံခြုံ ရေးအဖွဲ့ကို အကြမ်းဖက် KNU နှင့် PDF ပူး ပေါင်းအဖွဲ့က  Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်

စက်တင်ဘာ ၂၃

       ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်၊  ဓမ္မာရာမဘုရားကုန်းပေါ်ရှိ လုံခြုံ ရေးအဖွဲ့ကို Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ရာ ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးအဖွဲ့များ ထိ ခိုက်မူတစုံတရာ မရှိကြောင်းသိရှိရသည်။

        အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ ၁ နာရီအချိန်ခန့်တွင် တစ်ကြိမ် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ဓမ္မရာမဘုရားကုန်းပေါ်ရှိ လုံခြုံ ရေးအဖွဲ့ကို Drop Bombဖြင့် ပစ်ချတိုက်ခိုက်ရာ ကျရောက်ပေါက်ကွဲပြီး လုံခြုံးရေးအဖွဲ့များထိခိုက်မူမရှိကြောင်း သိရသည်။

         အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များသည် ဆင်ကုန်းရွာမှ လူပ်ရှားဆောင်ရွက်နေကြောင်းသိရှိသဖြင့် နယ်မြေခံတပ်ရင်းဌာနချုပ်မှ ဆင်ကုန်းရွာအားလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ခဏအကြာတွင် အကြမ်းဖက်အဖွဲ့က ယခုလို Drop Bomb ဖြင့် ထပ်မံပစ်ချတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။     

#PAN