၃ နှစ်ကြာရပ်နားထားတဲ့ တောင်ကြီးတန်ဆောင် တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို ပြန်လည်ကျင်းပမည်

စက်တင်ဘာ ၂၃

      ၃ နှစ်ကြာ ရပ်နားထားသည့် တောင်ကြီးတန် ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပ မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ သိရပါသည်။

      အဆိုပါ ပွဲတော်ကို ယခုနှစ် နို၀င်ဘာလ ၂၇ ရက်အထိ ၇ ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းမှာ စည် ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်း သိရပါသည်။

      တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ရှမ်းပြည် နယ်၏ အထင်ကရပွဲတော်တစ်ခုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပွဲတော်ကို ပြီးခဲ့သည့် ၃ နှစ်ကြာ ရပ်နားထားခဲ့ရာမှ ယခုလိုပြန်လည်ကျင်းပခြင်း ဖြစ်ပါသည်။ အခုပွဲတော်ကို ဖောင်တော်ဦးဘုရားပွဲတော် ရက်နှင့် တစ်ပေါင်းတည်း ကျင်းပသွားမှာ ဖြစ်ပါသည်။ အဆိုပါ ပွဲတော်ကို ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်ရန်၊ ဒေသထွက် အစားအစာများနှင့် အသုံးအဆောင်များ ရောင်းချနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

       ယခုနှစ်တွင် ပြိုင်ပွဲပုံစံထက် ပွဲတော်ကို ဦးစားပေးကျင်းပမှာဖြစ်ပြီး ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ၊ နေ့လွှတ်အရုပ်ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း အရုပ်အုပ်စုများ လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။

#PAN