အာဆင်နယ်အသင်းမှ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ရမ်စ်ဒေးလ်အား ထိပ်သီးကလပ်များဖြစ်သည့် ဘိုင်ယန် မြူးနစ်နှင့် ချယ်လ်ဆီးအသင်းက ခေါ်ယူရန် စောင့်ကြည့်

စက်တင်ဘာ ၂၂

      အာဆင်နယ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ရမ်စ်ဒေးလ် အား ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရပါတယ်။

        စပိန်လူမျိုးနည်းပြ အာတီတာ က စက်တင် ဘာလ ၁၇ ရက်မှာ အဲဗာတန်အသင်းနဲ့ ကစားခဲ့သည့်ပွဲတွင် ရမ်စ်ဒေးလ် ကို အနားပေး၍ ဘရန့်ဖို့ဒ်အသင်းမှ အငှားဖြင့် ခေါ်ယူထားသည့်  စပိန်ဂိုးသမား ရာယာ ကိုပဲ ပွဲထွက်ခွင့်ပြုခဲ့ပါတယ်။ ထိုကဲ့သို့ ရမ်စ်ဒေးလ် ရဲ့ နံပါတ်(၁)ဂိုးသမားနေရာအတွက် အာမခံချက်မရှိ ဖြစ်လာချိန်တွင် ဘိုင်ယန် မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတို့က ရမ်စ်ဒေးလ် ၏အခြေအနေကို စောင့်ကြည့်လျက်ရှိတယ်လို့ မီဒီယာများက ရေးသားခဲ့ကြပါတယ်။

       အာဆင်နယ်အသင်းအနေဖြင့် ရမ်စ်ဒေးလ် ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ကမ်း လှမ်းလာပါက ရောင်းထုတ်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။ ရမ်စ်ဒေးလ် ဟာ ၂၀၂၁ ခုနှစ်တွင် ရှက်ဖီး ယူနိုက်တက်အသင်းမှ အာဆင်နယ်အသင်းသို့ ရောက်ရှိခဲ့ပြီး ဥရောပအကောင်းဆုံးဂိုးသမားများထဲမှ တစ်ဦး ဖြစ်လာခဲ့ပါတယ်။

#PAN