လာအိုနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ပထမဆုံး‌တွေ့ရှိ

စက်တင်ဘာ ၂၁

        လာအိုနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့် အမျိုးသားတစ်ဦးကို ပထမဆုံး စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ယခုကဲ့သို့ နိုင်ငံအတွင်း မျောက်ကျောက်ရောဂါ ကူးစက်မှုရှိလာသဖြင့် သတိပြု နေထိုင်ကြရန် နိုင်ငံသားများအား တာ ဝန်ရှိသူများက ညွှန်ကြားထားသည်။

      ၎င်းအမျိုးသားသည် အိမ်နီးချင်းနိုင်ငံသို့ သွားရောက်ခဲ့ရာမှ ပြန်လာပြီးနောက် ရောဂါကူးစက်ကြောင်း တွေ့ရှိရသဖြင့် မြို့တော်ဗီယင်ကျန်းရှိ ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ လာအိုနိုင်ငံမှ မျောက်ကျောက်ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့် ပြည်ပနိုင်ငံများသို့ သွားရောက်သူများပြား နေသဖြင့် နိုင်ငံအတွင်းရောဂါကူးစက်ခံရသူ အများအပြားရှိနေကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောကြား သည်။ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသပြည်နယ်များ၌ မျောက်ကျောက်ရောဂါ နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာ ရေး ဝန်ကြီးဌာနက ဒေသန္တရ တာဝန်ရှိသူများအား ညွှန်ကြားထားသည်။

      အဖျားရောဂါ ခံစားနေရပြီး အကျိတ်အဖု ရှိနေသူများကို မျောက်ကျောက်ရောဂါ ရှိ၊မရှိ စမ်းသပ်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။ ထို့အပြင် လူနာများအား အချိန်မီ ကုသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီး ရောဂါကူးစက်မှု ကင်းဝေးစေမည့်နည်းလမ်းများကို ပြည်သူများအား ကျန်းမာရေးအသိပညာပေးသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဒေသန္တရကျန်းမာရေး တာဝန်ရှိသူများအား ထပ် လောင်း ညွှန်ကြားထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့ပါသည်။

#PAN