ကလောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ကျော် ဖမ်းမိ

(မှုခင်း) ဇွန် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်၊ နံနက် ၁၁ နာရီခန့်က ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကြားရပ်ကွက်နေ မိုးကျော်စွာ (ခ) မိုးကြီး၏ နေအိမ်အား တောင်ကြီးခရိုင် မူးယစ်တပ်ဖွဲ့စု ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး ၎င်းအိပ်သည့် အိပ်ယာဘေးတွင် အမဲရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား၊ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ငယ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ပြား၊ စုစုပေါင်း ဆေးပြား ၄၁၆၀၀၊ အလေးချိန် ၃ ဒသမ ၇၄၄ ကီလိုဂရမ် ခန့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရောင်းချရန် လက်ဝယ်ထားရှိသူ မိုးကျော်စွာ (ခ) မိုးကြီး အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#PAN