(မှုခင်း) ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံ/ရှေ့ရပ်ကွက်၊ အကွက်၊(၄၀၆)၊ တရုတ်သင်္ချိုင်းဟောင်း၊ စည်ပင်ဝန်ထမ်းလိုင်းခန်းအမှတ် C-12 နေအိမ်လိုင်ခန်းအတွင်းတွင် ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၇ရက်နေ့ ညနေ၄နာရီခွဲ အချိန် ခန့်တွင် စည်ပင်ဝန်ထမ်းလိုင်းခန်းအမှတ် C-12 နေအိမ်လိုင်းခန်းအတွင်းသို့ အမျိုးသား (၂)ဦးမှ ရောက်ရှိလာကာ ဦးရှမ်းကြီးနေအိမ် ဘယ်အိမ်လဲဟု အော်ဟစ်မေးမြန်းပြီး လိုင်းခန်းအတွင်း၀င်ရောက်ပြီး အရှေ့ခန်းအိပ်ယာတွင် ဖုန်းသုံးနေသည့် ချစ်သဲနိုင်မင်း(ခ)အငယ်ကောင်(၃၅)နှစ် (ဘ)ဦးမောင်နိုင်၊အကွက် (၄၀၆)၊ သံ/ရှေ့ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား ၎င်းတို့(၂)ဦးမှ ဓါးရှည်များဖြင့် ဝိုင်းဝန်းခုတ်ခဲ့ရာ ယာဘက်ပုခုံးလည်တိုင်တွင် ဓါးခုတ်ဒဏ်ရာများရရှိ၍ သေးဆုံးသွားကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ချစ်သဲမင်းနိုင်(ခ)အငယ်ကောင်၏ ရုပ်အလောင်းအား မိုဃ်းကောင်းယသ လူမှုကူညီရအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN