“ကမ္ဘာ့ အင်အားကြီး နိုင်ငံများအကြား တင်းမာမှု အသစ်”

မေလ ၃၁

အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့ အကြား နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေတာဖြစ်သော ကြောင့် အမေရိကန် နိုင်ငံ၏ နှစ်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်တွေကြား တွေ့ဆုံရန် တောင်းဆိုမှုကို တရုတ်နိုင်ငံက ပယ်ချလိုက်တာဖြစ်ပါတယ်။

ယခုသီတင်းပတ်ကုန်တွင် စင်ကာပူနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော လုံခြုံရေးဆိုင်ရာ forum တွင် ကာကွယ်ရေးဦးစီးချုပ်များ တွေ့ဆုံရန် အမေရိကန်နိုင်ငံထံမှ တောင်းဆိုချက်ကို တရုတ်နိုင်ငံ က ငြင်းဆိုခဲ့တာဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၉ တွင် မီဒီယာများက ဖော်ပြခဲ့ကြတာဖြစ်ပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံများကြား တင်းမာမှုအသစ် တစ်ခု အဖြစ်ဖော်ပြပြောရေးသားခဲ့ကြတာလည်းဖြစ်ပါတယ်။