စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံ ရေးအဖွဲ့များက သတင်းအရ ရှင်းလင်းရာမှ အကြမ်းဖက်သမား PDF များ၏ Drone ၁ စီး၊လက်နက်ခဲယမ်းများနှင့်အတူ PDF များအသေဖမ်းဆီးရမိ

စက်တင်ဘာ ၁၅

       ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း ဒေသခံပြည်သူများ၏ လျှို့ ဝှက် သတင်းပေးပို့လာမှုအရ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက သွား ရောက်ရှင်းလင်းရာ အဆိုပါနေရာတွင် လူနေတဲများတွေ့ရပြီး အကြမ်းဖက် PDF များ ထွက်ပြေးသွားကြကြောင်း သိရပါ သည်။

      အဆိုပါ အကြမ်းဖက်သမားများ နေထိုင်သွားသော တဲများအတွင်းရှင်းလင်းရာ ၎င်း တဲများအတွင်းမှ လက်လုပ် ၆၀ မမစိန်ပြောင်း ၄ လက်၊ လက်လုပ် ၆၀ မမဗုံးသီး ၄၀ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ လက် လုပ်လက်ပစ်ဗုံး ၁၆ လုံး၊ပြောက်ကျားယူနီဖောင်း ၁၄ စုံ၊ ပြောက်ကျားလည်တိုဖိနပ် ၁၂ ရံ၊ ဆေးမျိုးစုံထည့်ထားသည့်အိတ် ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

         အလားတူ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မြင်းမူမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ညောင်ရင်းကျေးရွာအနီး ရောက်ရှိစဉ် အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား PDF ၄ ဦးကို လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၇ တောင့်၊ ပြောက်ကျားယူနီဖောင်း ၅၀ စုံ၊ဟန်းကော ၄၀ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပါသည်။

       ထိုနည်းတူစွာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ကျေးရွာအနီး နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၇ တောင့်တို့နှင့်အတူ အကြမ်းဖက် သမား PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

     စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာကို ယနေ့
ညနေ ၅ နာရီခွဲအချိန်ခန့်တွင် နယ်မြေလုံခြုံရေးအဖွဲ့များက သတင်းအရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ဝေဖြိုးနှင့် ချမ်းသာ(ခ)ချစ်သူ ၏ နေအိမ်များမှ အကြမ်းဖက်လုပ်ရပ်များ ပြု လုပ်ရန် သိုဝှက်ထားရှိသော ZYMA တံဆိပ်ပါ ဒရုန်း ၁ စီး၊ ပွိုင့် ၂၂ လက်လုပ်သေနတ် ၁ လက်၊ကျည် ၃ တောင့်တို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရပါသည်။

#PAN