မိုင်းဖြတ်မြို့ ဆိုင်းလေရွှာနှင့်ဆွတ်ပလောင်း ကြားတွင် ကားနှင့်ဆိုင်ကယ်ယာဥ်တိုက်မူဖြစ်ပွားခဲ့ရာ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

————————————————————————————————–

စက်တင်ဘာ ၁၃

ရှမ်း​ပြည်နယ် အ​ရှေ့ပိုင်း တာချီလိတ်မြို့ မှ ကျိုင်းတုံမြို့သို့မောင်းနှင်လာသည့် wave 110 i ဆိုင်ကယ် နှင့် ၊ ကျိုင်းတုံ မှ တာချီလိတ်မြို့သို့မောင်းနှင်လာသည့် Toyota အာလဖက်ကား နှစ်စီးတို့သည် မိုင်းဖြတ်မြို့ ဆိုင်းလေရွှာ နှင့် ဆွတ်ပလောင်းရွှာ ကြားတွင် စက်တင်ဘာ ၁၃ရက်  နံနက်၁၁နာရီခွဲ အချိန်ခန့်က ယာဥ်တိုက်မူဖြစ်ပွားရာ ဆိုင်ကယ်ယာဥ်မောင်းတစ်ဦးသေဆုံး၍ ယာဥ်နောက်လိုက်စီးနှင်းသူ အဖွားအိုတို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဥ်တိုက်မှု့ကြောင့် ကျိုင်းတုံမြို့ နယ်၊ ကတ်ဖအုပ်စု ၊ နောင်ဟွယ်ရွှာနေ ဆိုင်ကယ်ယာဥ်မောင်းဖြစ်သူ ဦးအားဂျွန် ၄၅  နှစ်သည် အခင်းဖြစ်ရာနေရာတွင်သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက် လိုက်ပါစီးနင်းခဲ့သည့် မိုင်းဇင်းအုပ်စု၊ ပန်ကုလားရွာနေ ဒေါမီးနောင် ၆၁နှစ်သည်  ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

ယင်းအခင်းဖြစ်ပွားရာနေသို့ မြို့နယ်လူမှု့ရေးအသင်းမှ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့အား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထား​​​ကြောင်း သိရှိရသည်။

#PAN