ရေတာရှည်မြို့နယ်‌ အရှေ့ဘက်၊ အေးသာယာရွာနှင့် ရွှေပြည်သာရွာအနီးတွင် သတင်းအရ အခြေ ပြုခိုအောင်းနေ အကြမ်းဖက်သမား PDF များကို နယ်မြေခံစစ်ကြောင်းများက  သွားရောက်ရှင်း လင်း၊ PDF များ ထိခိုက်သေဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

စက်တင်ဘာ ၁၃

        ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်‌ အရှေ့ဘက်၊ အေးသာယာရွာနှင့် ရွှေပြည်သာရွာအနီးတွင် အကြမ်းဖက်သမား PDF များ အခြေပြုခိုအောင်းနေကြောင်း တာဝန်သိ ဒေသခံပြည်သူများက နေရာအတိအကျ သတင်းပေးပို့လာရာ နယ်မြေခံစစ်ကြောင်းများက ယမန်နေ့ မွန်လွဲ ၂ နာရီအချိန်ခန့်က သွားရောက်ရှင်း လင်းချေမှုန်းခဲ့ကြောင်း သိရပါသည်။

      ထိုသို့ နယ်မြေခံစစ်ကြောင်းများက သွား ရောက် ရှင်းလင်းရာ အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်သမား PDF အင်အားများပြားသဖြင့် လေကြောင်းပစ်ကူ ရယူဆောင်ရွက်ခဲ့ကြောင်း၊  အကြမ်းဖက်သမား PDF များ ထိခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

        အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF များထံမှ ပြောင်းချော ၄ လက်၊ 79လက်လုပ် ၃ လက်၊ ၁၂ဗို့ကျည် ၃၇ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ အချင်း ၃ လက်မခန့် အရှည် ၁ ပေခန့် လက်လုပ်မို်င်း ၂ လုံး၊ အချင်း ၃ လက်မ အရှည် ၆ လက်မခန့် လက်လုပ်မိုင်း၂ လုံး၊ ၄၀ မမ ရှော့တိုက်ဗုံးသီး ၁၄ လုံး၊  ယူနီဖောင်း ၃ စုံ၊ အီကွေးမန့် ၁ စုံ၊ PDF တီရှပ် ၁ ထည်၊ ဦးထုပ် ၃ လုံး၊ DJI Phatom 4 Drone ၁ စီးတို့နှင့်အတူ အကြမ်းဖက် PDF  ၈ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      ” သတင်းရတာ အတိအကျဘဲ၊ အကြမ်းဖက် PDF တွေ လေကြောင်းပစ်ကူပါ ပါလာတော့ အထိနာသွားတယ်၊ PDF ၈ လောင်းက မသယ်နိုင်လို့ ကျန်နေခဲ့တာ၊ သူတို့ ပြန်သယ်သွားတဲ့ အလောင်းနဲ့ ဒဏ်ရာရ လူနာတွေက ၂၀ လောက်ရှိတယ် ” ဟု ဒေသခံရွာသား တစ်ဦးက PAN သို့ ပြောပြလာသည်။

       အဆိုပါ အကြမ်းဖက်သမား PDF များသည် ရှမ်း – ကယား နယ်နိမိတ်အစပ်ရှိ ကယန်းပြည်သစ် လက် နက်ကိုင်အဖွဲ့က ၎င်းတို့ နယ်မြေအတွင်း အခြေပြုလှုပ်ရှားခွင့် မပေးတော့သည့်အတွက် နေပြည်တော်၊ ပျဥ်းမနားနယ်မြေအတွင်း ဝင်ရောက်နိုင်ရန် ရေတာ ရှည်မြို့နယ်‌အတွင်း ရောက်ရှိနေကြကြောင်း အဆိုပါဒေသခံရွာသားထံမှ သိရပါသည်။

#PAN