
(နိုင်ငံတကာ) ဇွန် ၂၀
အကယ်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းတို့အကြား ရရှိထားသည့် သဘောတူညီချက်ကို လေးစားလိုက်နာရန် အမှန်တကယ် ဆန္ဒရှိပြီး၊ နားလည်မှုစာချွန်လွှာ (MoU) ပါ စည်းကမ်းချက်များကို အစ္စရေးဘက်က လိုက် နာစောင့်ထိန်းလာစေရန် အာမခံချက် ပေးနိုင်မည်ဆိုပါက တီဟီရန်(Tehran) အနေဖြင့် ဝါရှင်တန်နှင့် သံတမန်ရေးရာလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန် အဆင့်သင့်ရှိကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာအိဒ် ခါတစ်ဇာဒါး (Saeed Khatibzadeh) က ပြောကြားလိုက်သည်။
သောကြာနေ့က အယ်လ်ဂျာဇီးရား အာရပ်ဌာနနှင့် ပြု လုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဒုဝန်ကြီး ခါတစ်ဇာဒါးက “အကယ် ၍ တစ်ဖက်လူ(အမေရိကန်)ကလည်း ယခုကဲ့သို့ပင် အလေးအနက်ထားမှုကို ပြသမယ်ဆိုရင်၊ ကျွန်တော်တို့ဘက်က တစ်ဆင့်ချင်းစီ ရှေ့ဆက်သွားဖို့ အသင့်ရှိနေပါတယ်” ဟု အတည်ပြုခဲ့သည်။
သို့သော်လည်း သောကြာနေ့က လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ စစ်မက်မီးမွှေးမှုများကြောင့် အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့ရသည့်အပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ယခု ကဲ့သို့ တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေခြင်းသည် ပြင်းထန်ပြီး ချက်ချင်းလက်ငင်း နောက်ဆက်တွဲဆိုးကျိုးများ သက်ရောက်လာလိမ့်မည်ဖြစ် ကြောင်း သတိပေးခဲ့သည်။
အမေရိကန်နှင့် အီရန်တို့အကြား ယခုသီတင်းပတ်အတွင်း ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ၏ အပိုဒ် (၁)တွင် လက်ဘနွန်နိုင်ငံအတွင်း စစ်ပွဲကို အဆုံးသတ်ခြင်းသည် စစ် မျက်နှာအားလုံး၌ ပိုမိုကျယ်ပြန့်သော စစ်ရပ်စဲရေးအစီအစဉ်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အတိ အလင်း ဖော်ပြထားသည်။
ထို့ကြောင့် ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ် (Burgenstock)မြို့၌ ကျင်းပရန် စီစဉ်ထားသည့် အမေရိကန်-အီရန် ထိပ်သီးဆွေးနွေးပွဲများမှာ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် သောကြာနေ့တွင် ရုတ်တရက် ပျက်ပြားသွားခဲ့ရပြီး၊ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်လည်း ၎င်း၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။
ခါတစ်ဇာဒါးက ဆက်လက်၍ အီရန်အနေဖြင့် ဂါဇာအပါ အဝင် စစ်မျက်နှာအားလုံးတွင် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အဓိကရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ လည်း သဘောတူညီချက်ပါ ရက်ပေါင်း ၆၀ အချိန်ကာလအတွင်း ဖြတ်သန်းခတောင်းခံမည်မဟုတ်ဘဲ အိုမန်နိုင်ငံနှင့် ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ရေ ကြောင်းပြေးဆွဲမှုများကို ဆက် လက်ကူညီပေးသွားမည်ဟု ဆိုသည်။
သို့သော်လည်း နောင်တွင်ရရှိမည့် မည်သည့် သဘောတူညီချက်မဆို အမေရိကန်က ပိတ်ဆို့ထားသည့် အီရန်၏ ရန် ပုံငွေအားလုံးကို ပြန်လည်လွှတ်ပေးခြင်း အပါအဝင် ဖြစ်ရမည်ဟု လောက်လွှဲချက် ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီ ကလည်း လိုအပ်သော ညှိနှိုင်းဆွေးနွေးမှုများကို ကြားခံစေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့မှတစ်ဆင့် ဆက်လက်လုပ် ဆောင်လျက်ရှိပြီး၊ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အခြေအနေများ ပြည့်စုံလာပါက တရားဝင် ထုတ်ပြန်ကြေ ညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN