ကျောင်းတိုက်အတူနေ တပည့်ဦးဇင်း​ကြီးကကျောင်းထိုင်ဆရာတော်၏ဦးခေါင်းကို ၁၀ ပေါင်တူ​ဖြင့်ထုသတ်


စက်တင်ဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်းမှာရှိတဲ့ ဇမ္ဗူရတနာကျောင်းတိုက်မှာ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်က ကျောင်းတိုက်အတူနေ ဦးဇင်းတစ်ပါးက ကျောင်းထိုင်ဆရာတော်ကို တူနဲ့ထုသတ်ခဲ့တာကြောင်း သိရသည်။

​ဖြစ်စဥ်မှာ ဇမ္ဗူရတနာကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒသည် နေ့ဆွမ်းစားပြီး၊ ခဏနားချိန် ဆရာတော်၏ တပည့် (၇)ဝါရ ဦးဇင်းကြီး တပါးက ၁၀ပေါင်တူဖြင့် ဆရာတော်၏ ဦးခေါင်းကို ၃ ချက် ထုရိုက်ခဲ့သည့်အတွက် ဆရာတော်အား ဆေးရုံသို့ပို့စဥ် ပျံလွန်တော်မူသွားကြောင်းသိရသည်။

အဆိုပါတရားခံဖြစ်သူ ဦးဇင်းဥူးက္ကုန္ဒာစာရကို သိက္ခာချလူဝတ်လဲ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားပြီး ပျံတော်မှုသွားသော ဆရာတော်၏ ရုပ်ကလပ်တော်ကို မြို့ရှောင်လမ်းသုဿန်သို့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပို့ဆောင်မီးသင်္ဂြုလ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN