မြင်းခြံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးဖြစ်သူကို အကြမ်းဖက် သမား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၀


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဂျုပ္ပင်ကျေးရွာနေသူ ဦးဝင်းလှိုင်၊၄၉နှစ်၊(ဘ)ဦးတင်ငွေ၊ကျေးရွာအုပ်ချုပ်ရေးမှုးကို ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင်  အကြမ်းဖက်သမား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။


ဖြစ်စဥ်မှာ သေဆုံးသူ ဦးဝင်းလှိုင်သည် နေ အိမ်၌ရှိနေစဥ် အကြမ်းဖက်သမား PDF ၃ ဦး၊မျက်နှာတွင် MASK အနက်ရောင်များတပ်ဆင်လျက် ဆိုင်ကယ် ၃စီးဖြင့်ရောက်ရှိလာကာ ဦးဝင်းလှိုင်အား သေနတ်ဖြင့်ပစ်ခတ်ပြီး နေအိမ်ရှေ့လမ်းမှတဆင့် မြင်းခြံ-ညောင်ဦးကားလမ်းပေါ်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဦးဝင်းလှိုင်နှင့်တစ်ဝိုင်းတည်းနေ ခယ်မဖြစ်သူ မချိုချိုမြင့်၊၃၆နှစ်၊(ဘ)ဦးဘိုအုပ်၏ ပြောကြားချက်အရ သိရပါသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဝင်းလှိုင် တွင် အောက်နှုတ်ခမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ယာဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ 9-MM LUGER ကျည်ခွံ ၆ခု၊M-22 ကျည်ခွံ ၂ခု တို့အားတွေ့ရှိခဲ့သည်။။

သေဆုံးသူ ဦးဝင်းလှိုင် သည် ကျေးရွာအုပ် ချုပ်ရေးမှုး တစ်ဦးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးလည်းဖြစ်သည်။ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ” ငါနဲ့မတူ ငါ့ရန်သူ ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော ပြည်ခိုင်ဖြိုးပါတီ ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား၍ အကြမ်းဖက်သတ်ဖြတ်နေကြသည်။

#PAN