(ပြည်တွင်း) နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့မှာ ရထားလမ်းဂုံးကျော်တံတားတစ်ခု တည်ဆောက်သွားဖို့ရှိနေတယ်လို့ ဒေသခံတွင်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။
ပျော်ဘွယ်မြို့မှာတည်ဆောက်ဖို့ရှိနေတဲ့ ရထားလမ်းဂုံးကျော်တံတားဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာတည်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရထားလမ်းဂုံးကျော်တံတားတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
မီးရထားသံလမ်းဂုံးကျော်တံတားတည်ဆောက်နိုင်ဖို့အတွက် နေရာလျာထားမှုအခြေအနေတွေကို ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသောင်းအေး ဟာ နိုဝင်ဘာလ(၅)ရက် နေ့လည်ပိုင်းက သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။
ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟာ လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် နေရာလျာထားမှုအခြေအနေတွေကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်နိုင်ညွန့်နဲ့ ခရိုင်နဲ့မြိုနယ် စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဌာနဆိုင်ရာတာဝန် ရှိသူတွေနဲ့အတူ သွားရောက်ကြည့်ရှု့ခဲ့ကြတာဖြစ်ပြီး လိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

Telegram – t.me/positiveanglenews
#PAN