နေပြည်တော် ခုတင် ၁၀၀၀ တပ်မတော်ဆေးရုံတွင် ကျောက်ကပ်အစားထိုးခွဲစိတ်မှု အကြိမ် ၁၅၀ ပြည့်၊ အတွဲ ၃၀၀ အထိ ဆောင်ရွက်နိုင်ခဲ့

(ကျန်းမာရေး) နိုဝင်ဘာ ၆

နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ၁၅၀ ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း အတွဲ ၃၀၀ ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါခွဲစိတ်ကုသမှုကို ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသရေး၊ မေ့ဆေးနှင့် အထူးကြပ်မတ်ကုသရေး ပါရဂူများ၊ ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ခွဲစိတ်ကုသမှုအပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်များ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၁၆ ခုနှစ် ဩဂုတ် ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်ဆေးရုံများအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်နှင့် အောင်ပန်းမြို့တို့တွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN