(မှုခင်း) နိုဝင်ဘာ ၆
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ထွက်ပြေးသွားသည့် အချုပ်သားတစ်ဦးကို နိုဝင်ဘာ ၅ ရက်၊ ညနေပိုင်းတွင် ဟိုပုံးမြို့၊ မွေတော်ဘုရားကြီးအတွင်း၌ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အေးသာယာနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးခံနေရသည့် အချုပ်သား ဝဏ္ဏအောင်ဆိုသူသည် နိုဝင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီခန့်က တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဓာတ်မှန်ရိုက်ရန် ပြသနေစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးသွားသည့် အချုပ်သားကို နိုဝင်ဘာ ၅ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ သိရီမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအတွင်းရှိ အရန်စေတီများအကြား၌ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တောင်ကြီးနယ်မြေရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN