(မှုခင်း) နိုဝင်ဘာ ၂၉
မန္တလေးမြို့ရှိ ရွှေကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ လိုက်ပါလာသည့် မီနီဘတ်စ်ယာဉ်တစ်စီးသည် ပြင်ဦးလွင်အဆင်းလမ်း ၁၆ မိုင် အိုးတလုံးအနီးတွင် ယနေ့ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီဝန်းကျင်က တိမ်းမှောက်ကာ ချောက်ထဲသို့ ကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လက်ရှိရရှိထားသည့် ကနဦးသတင်းများအရ သေဆုံးသူ ၁၆ ဦးရှိပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၉ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ပြင်းထန်ဒဏ်ရာရရှိသူ ၁၄ ဦးကိုလည်း ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။
ယာဉ်ပေါ်လိုက်ပါလာသူများမှာ ရွှေကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများဖြစ်ပြီး ကထိန်အလှူမှ ပြန်လာစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မန္တလေးဆေးရုံကြီး၌ ဒဏ်ရာရရှိသူများအား ကုသရေးနှင့် လိုအပ်သည့်အကူအညီများ ပေးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN